Contact : (+95 9) 254 006 049

Taste Window “ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ”

ဒီဇင်ဘာလထုတ်မဂ္ဂဇင်းမှာတော့ ခရစ္စမတ်ပိတ်ရက်၊ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ချက်ပြုတ်စားသောက်နိုင်အောင် ဟင်းချက်နည်း၊ မုန့်လုပ်နည်း၊ ဖျော်နည်း ၁၅ မျိုးကို ထည့်သွင်းဖော်ပြပေးထားပါတယ်။ ဒါ့အပြင် ဗဟုသုတဆောင်းပါးတွေအနေနဲ့လည်း ရပ်ဝေးမှာ ကျောင်းသွားတတ်ကြမယ့် လူငယ်များအတွက် မီးဖိုဆောင်လမ်းညွှန်၊ ချာကွေ့သယောင် အကြောင်း၊ မိသားစုဟင်းလျာ တောင်ငူမုန့်ဟင်းရည်ကျဲ၊ ရွာထမင်းရွာဟင်း( စားဖိုမှူးကြီးမြင့်ဦးသာ )၊ ရန်ကုန်ဒံပေါက်၊ ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေသစ်သီးကိတ်( စားဖိုမှူးကြီးစောဆာမူလား )၊ ဂျပန်စာအထူးပြု အမှုဆောင်စားဖိုမှူးကြီး  Chef Linn အကြောင်း၊ အသားကင်ဘာဘီကြူ ဓာတုဗေဒဖြစ်စဉ်(မစိမ့်) ၊ အေအိုင်စားဖိုမှူး စတဲ့ အကြောင်းအရာများနဲ့အတူ မအိဝတ်မှုန်( Evy’s Kitchen )ကလည်း ကူညီအားဖြည့် ပါဝင်ရေးသားထားပါတယ်။ နောင်ထွက်ရှိလာမည့် မဂ္ဂဇင်း တစ်အုပ်တိုင်းမှာလည်း အချိန်နဲ့အတူ ပြောင်းလဲလာတဲ့ အစားအသောက်ချက်ပြုတ်နည်း၊ မုန့်ဖုတ်နည်း၊ မီးဖိုဆောင် ဗဟုသုတ၊ အစားအသောက်နဲ့ ကျန်းမာရေး၊ လူမှုဘဝနေထိုင်မှုပုံစံ စတဲ့ အကြောင်းအရာများကို ကြိုးစား၊ ဆန်းသစ် တင်ဆက်နေမှာ ဖြစ်ပါတယ်။