၂၀၂၅ ခုနှစ် မတ်လထုတ်မှာဆိုရင်လည်း ပျော်ရွှင်တတ်ကြွသော မိသားစုတိုင်းအတွက်ဆိုတဲ့အတိုင်း စုံစုံလင်လင်ဖေါ်ပြထားပါတယ်။ သက်သတ်လွတ်စားသောက်ခြင်းခရီးစဉ်၊ ရွာထမင်းရွာဟင်း၊ မွန်ရိုးရာသင်္ကြန်ထမင်း၊ သင်္ကြန်ကြော်၊ အချက်တလိုင်းတို့နှစ်သက်အားပေးကြတဲ့ Nandar’s Kitchen ဖန်းတီးတင်ဆက်သူ မနှင်းနန္ဒာဝေအကြောင်း၊ ထိုင်းစာချက်ကြမယ်အပိုင်း၂၊ စတဲ့ အိမ်တိုင်းရဲ့မီးဖိုချောင်ထဲက လူကြိုက်များတဲ့ ဟင်းလျာတွေ၊ ရိုးရာဟင်းလျာတွေ၊ ခေတ်ပေါ်ဟင်းလျာတွေကို စုံလင်စွာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဟင်းချက်နည်းတွေကို လွယ်ကူရှင်းလင်းစွာ နည်းလမ်းကျကျ ဖော်ပြထားတာကြောင့် မီးဖိုချောင်မှာ အတွေ့အကြုံမရှိသေးတဲ့ သူတွေအတွက်ပါ အလွယ်တကူလိုက်လုပ်နိုင်မှာပါ။အစားအသောက်နဲ့ကျန်းမာရေး အပိုင်းအနေနဲ့ အစာစားပြီးလမ်းလျှောက်ကြမယ် ဆောင်းပါကလည်းဖတ်ချင်စရာကောင်းပြီး ဗဟုသုတရမယ်လို့မျှောလင့်ပါတယ်။
© 2017-2026 Better Day Media Services Co., Ltd. (Myanmar). All Rights Reserved.